Friday, July 27, 2018
တစ်နေ့ ကောင်မလေးတစ်ယောက်က ကောင်လေးတစ်ယောက်ကို လမ်းခွဲစကားပြောတယ် ...
" ငါ့မှာချစ်သူအသစ်ရနေပြီ ... သူက ပိုချမ်းသာတယ် သူက ရုပ်လည်းပိုချောတယ် ... "
" ခုမှချစ်တဲ့သူအတွက်နဲ့ ငါ့ကိုမထားခဲ့ပါနဲ့ဟာ "
" ကောင်းပြီလေ ငါဘာလို့နင့်ကိုမထားခဲ့သင့်ဘူးလည်း နင်ပြောကြည့် ... "
" သူငါ့ထက်ပိုက်ဆံရှိမှာပါ ... ကားအကောင်းစားနဲ့နင့်ကိုခေါ်သွားနိုင်လိမ့်မယ် ... ဒါပေမယ့် သူမတော်တဆ ဆင်းရဲသွားမယ်ဆို ... နင်နဲ့ ၁ ရက်တွေ့ဖို့ သူမုန့်ဖိုး ၁ ပတ်လောက်အငတ်ခံပြီး တက္ကစီစီးခိုင်းပါ့မလား ...
သူငါ့ထက်ချောမှာပါ ... ဒါပေမယ့် ရုပ်ဆိုးတဲ့ငါ့နားမှာ နင်သ၀န်တိုစရာ စိတ်မချစရာတွေမရှိပေမယ့် ... ပြည့်စုံနေတဲ့သူ့အနားမှာ နင်အမြဲ ထိတ်လန့်နေရမယ်
သူကချမ်းသာတော့နင်စားချင်တာမှန်သမျှဝယ်ကျွေးနိုင်မှာပါ ... ဒါပေမယ့် နင်အရမ်းကြိုက်တဲ့ လမ်းဘေးဆိုင်လေးမှာ နင်ကြိုက်တဲ့ အချဉ်အစပ်တွေ အတူတူစားပေးနိုင်ပါ့မလား
နင်က စိတ်ကောက်ရင် အကြာကြီးချော့မှ စိတ်ပြေတတ်တယ် .. သူကနင်စိတ်ပြေတဲ့အထိ ဖုန်းမကိုင်မချင်းခေါ်ပေးနိုင်ပါ့မလား
တစ်ခါတစ်လေ နင်စိတ်မကြည်ရင် ငါ့လက်မောင်းကိုရိုက်တတ်တယ်လေ ... ဒါပေမယ့် နင့်ကိုငါမဟုတ်တဲ့အခြားတစ်ယောက်က နင်ရိုက်တာလေးတွေ ခံပေးနိုင်ပါ့မလား "
ကောင်လေးစကား မဆုံးခင် ကောင်မလေးမှ စကားဖြတ်ပြောလိုက်တယ်
" ဒါတွေအကုန်လုံးသူကလုပ်ပေးနိုင်တယ်ဆိုရင်ရော နင်ငါ့ကို လက်လွှတ်ပေးမှာလား ငါသူ့ဆီသွားလို့ရမလား ... "
ကောင်လေး ခနတော့ တိတ်ဆိတ်သွားတယ် ...
" ဒါတွေအကုန်လုံး သူသည်းခံပေးနိုင်လည်း နင်တစ်နေ့ လမ်းခွဲမယ်ပြောတဲ့အခါ သူက နင့်ကိုအခုလိုလေးရှင်းပြပါ့မလား ... နင်သွားချင်သွားပါ ... နင်ပြန်လာမယ့်အချိန်ထိ ငါစောင့်နေပါ့မယ် .... အခြားတစ်ယောက်ဆီ အလည်သွားတယ်လို့ပဲ ငါသဘောထားပါ့မယ် ... အချိန်တန်လို့ သူနဲ့ပျင်းနေရင် သူမကောင်းဘူးဆိုရင် ပြန်လာပေါ့ "
ကောင်မလေး မျက်လုံးက မျက်ရည်တွေကျလာတယ် ...
" ငါနင့်စိတ်ကို စမ်းကြည့်တာပါ ... ငါလမ်းခွဲမယ်ပြောရင် ဘာပြောမလည်းလို့ ..."
ချစ်တယ်ပြောတဲ့အချိန် ဒူးထောက်လိုက်တာလွယ်ပါတယ် ... လမ်းခွဲမယ်ပြောတဲ့အချိန် ဒူးထောက်တောင်းပန်တတ်တဲ့ အချစ်မျိုးက ရှားတာ....။
Crd
Sai aungshwe
Subscribe to:
Post Comments (Atom)

No comments:
Post a Comment