Tuesday, July 24, 2018


တစ်ချို့က အနိုင်ယူချင်တယ် ။
သူမရှိရင် မဖြစ်မှန်းသိလို့ . . . ။

တစ်​ချို့က လုပ်ချင်တာ လုပ်တယ် ။
သူဘာလုပ်လုပ် ခွင့်လွှတ်မှန်း သိလို့ . . . ။

တစ်​ချို့က ဥပေက္ခာ ပြုတယ် ။
သူဂရုမစိုက်ရင် အလူးအလဲ ခံစားရမှန်းသိလို့ . . . ။

တစ်​ချို့က မိုက်ရိုင်းတယ် ။
သူဘယ်လောက် ရိုင်းရိုင်း သည်းခံမှန်းသိလို့ . . . ။

တစ်​ချို့က တန်ဖိုးမထားဘူး ။
ဘယ်အချိန် လိုအပ် လိုအပ် ခေါ်လိုက်တာနဲ့
အနားကို ​ရောက်လာတတ်မှန်း သိလို့ . . . ။

ကိုယ်ဘာလုပ်လုပ် ခေါင်းငုံ့ပေးနေတဲ့ လူတွေ
ခံနိုင်ရည် ကုန်သွားတဲ့ အချိန်
ကိုယ့်​အနားက ထွက်သွားရင်ရော
တစ်ေ​ယာက်တည်း နေတတ်ပြီလား ။

ဆုံးရှုံးပြီးရင်​ ပြန်​မရတဲ့ အရာ​တွေထဲမှာ
လူတ​စ်​​ယောက်​ရဲ့ သည်းခံနိုင်​စွမ်း​တွေလည်း
ပါတယ်​ဆိုတာ မ​မေ့ပါနဲ့

No comments:

Post a Comment